Pages

Sunday, March 31, 2013

Re: ဧည့်လမ်းညွှန်များမိသားစု အင်တာနက်ကွန်ယက် စီစစ်ပြင်ဆင်မှု ကျေညာချက် (ပထမအကြိမ်)

Dear Travel Myanmar Group!
My previous mail is "comenseeme5@gmail.com" you can send from now "comenseememyanmar@gmail.com".
Mr.Khaing
Professional Licensed Tour Guide(G-1399)
MOBILE:09450008415



2013/3/30 Thaung Naing Oo <thaungnaingoo.007@gmail.com>

ဧည့်လမ်းညွှန်များမိသားစု အင်တာနက်ကွန်ယက် စီစစ်ပြင်ဆင်မှု ကျေညာချက် (ပထမအကြိမ်)

          ဧည့်လမ်းညွှန်များအရေးအတွက် ပေးပို့လာသော စာများနှင့် ဖုန်းဖြင့်ဆက်သွယ်ပေးလာသော ဧည့်လမ်းညွှန်များအား အထူးကျေးဇူးတင် မှတ်တမ်းတင်အပ်ပါသည်။

          အလုပ်မလုပ်လျှင် အဖြစ်အပျက်ဆိုတာရှိမည်မဟုတ်ပါ။ ဘာအလုပ်မှမလုပ်လျှင် ဘာအဖြစ်အပျက်မှမရှိပါ။ ထို့ကြောင့် ဘာအဖြစ်အပျက်မှမရှိခြင်းသည် ဘာအလုပ်မှမလုပ်သူဖြစ်သည်။ ဘာစေတနာမှလည်း မရှိသူဖြစ်သည်။ မန္တလေးဧည့်လမ်းညွှန်များအသင်းနှင့်တကွ အနယ်နယ်အရပ်ရပ်မှ ဧည့်လမ်းညွှန်များသည် ဧည့်လမ်းညွှန်များအရေးအတွက် တတ်အားသရွေ့ အလုပ်လုပ်ပေးနေကြပါသည်။ ဧည့်လမ်းညွှန်များအားလုံး ကိုယ့်လမ်းကြောင်းနှင့်ကိုယ် ဦးတည်လှည့်ပတ်သွားလာနေကြသည်။ အချိန်နှင့်တပြေးညီ သတင်းများ၊ ဗဟုသုတများ၊ ပညာရပ်များ၊ အဖြစ်အပျက်များ စသည်တို့ကို တစ်ဦးနှင့်တစ်ဦး မျှဝေပေးနေကြသည်။ ထိုအထဲတွင် ဒီမိုကရေစီသဘောတရားအရ ပွင့်လင်းမြင်သာကြသည်။ ကိုယ့်အမြင် သူ့အမြင် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြသည်။ ငြင်းခုံကောင်းငြင်းခုံကြမည်။ အငြင်းပွားကောင်းပွားကြမည်။ အဆုံးစွန် ရန်ဖြစ်ကောင်းဖြစ်ကြမည်။ သို့သော် ဧည့်လမ်းညွှန်မိသားစုအတွင်းရေးဖြစ်သည့်အတွက် ကြီးမားသောပြဿာနာ မရှိခဲ့ပါ။ ဧည့်လမ်းညွှန်များမိသားစုကွန်ယက်အတွင်းမှာ ဖြစ်ပျက်သောကိစ္စရပ်မှန်သမျှသည် ဧည့်လမ်းညွှန်များနှင့်သာ သက်ဆိုင်သည်။ အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပါ။ မိမိအိမ်ထောင်စုအတွင်းရှိ အိမ်တွင်းရေးသည် မိသားစုဝင်အိမ်သားများနှင့်သာသက်ဆိုင်သည်။ မိသားစု၏ပြင်ပသူစိမ်းများ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါ။

          ဧည့်လမ်းညွှန်များမိသားစု၏ အင်တာနက်ကွန်ယက်တွင် Email လိပ်စာများ ဖောင်းပွနေသည်ဟုဆိုပါသည်။ ထို့ကြောင့် Email လိပ်စာများကို ပြန်လည်စီစစ်သွားမည်ဖြစ်ပြီး၊ ဧည့်လမ်းညွှန်များမိသားစုအတွင်းမှ အမည်ဝေခွဲမရနိုင်သော Email လိပ်စာများကို ပယ်ဖျက်မိပြီး၊ မိမိတို့ထံ ဧည့်လမ်းညွှန်ဆိုင်ရာသတင်းအချက်အလက်များ မရောက်ရှိလာပါက Invite လုပ်၍ ပေးပို့ပေးစေလိုပါသည်။နောက်နောင်တွင် သိစေလိုသောအကြောင်းအရာများမှလွဲ၍ ယခင် Email အဟောင်းများသို့ ပေးပို့တော့မည်မဟုတ်ပါကြောင်း ကျေညာအပ်ပါသည်။ ယခင်က ဧည့်လမ်းညွှန်ဆိုင်ရာသတင်းအချက်အလက်များကို ဖတ်ရှုလိုပါ၍ ပေးပို့ပေးပါရန် မေတ္တာရပ်ခံထားသူများ၊ ကုမ္ပဏီများလည်းရှိခဲ့ပြီး၊ ယခုအခါ Email လိပ်စာများ ရောယှက်ရှုတ်ထွေးနေပါသဖြင့် ထပ်မံ Invite လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဖတ်ရှုနိုင်ပါသည်။ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် အကြံဥာဏ်ကောင်းများလည်းပေးပို့နိုင်ပါသည်။ သို့သော် ဧည့်လမ်းညွှန်များမိသားစုအတွင်းသို့ဝင်ရောက်၍ စွက်ဖက်ခြင်း၊ ဝေဖန်ခြင်း စသည်တို့ကို သီးခံပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဧည့်လမ်းညွှန်များအတွင်းရေးသည် ဧည့်လမ်းညွှန်များနှင့်သာသက်ဆိုင်သည်။ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ သက်ဆိုင်ရည်၇ွယ်စေခြင်းမဖြစ်စေရ။

          မိမိတို့အသင်းအနေဖြင့်လည်း ခိုင်မာတောင့်တင်းမှု၊ ကျစ်လစ်မှု၊ စွမ်းဆောင်နိုင်မှု စသည်များ အတော်ပင် အားအင်ချိနဲ့၍နေပါသည်။ ထို့ကြောင့် ဧည့်လမ်းညွှန်များအကျိုးကိုစိတ်ဝင်စားပြီး၊ ဧည့်လမ်းညွှန်များအကျိုးအတွက် အမှန်တကယ် စွမ်းဆောင်နိုင်သူများဖြင့် ပြန်လည်ဖွဲ့စည်းသင့်နေပြီဟု ယူဆမိသည်။

(ဒီမိုကရေစီသဘောတရားအရ ဧည့်လမ်းညွှန်များအားလုံး ပွင့်လင်းမြင်သာစွာဖြင့် ဧည့်လမ်းညွှန်မျာအားလုံး သဘောထားကွဲလွဲနိုင်ပါကြောင်း)

 

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန် ၊ မန္တလေး

 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanmar+unsubscribe@googlegroups.com.
To post to this group, send email to travelmyanmar@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 



--
Great using ...

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanmar+unsubscribe@googlegroups.com.
To post to this group, send email to travelmyanmar@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

No comments:

Post a Comment