Pages

Friday, December 30, 2011

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာနှင့်ပြည်တွင်းလေဆိပ်များတွင် "အင်တာနက် တပ်ဆင်မည်

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်၍ ပြည်တွင်းရှိ
နိုင်ငံတကာနှင့် ပြည်တွင်းလေဆိပ်များတွင် အင်တာနက်စနစ်
တပ်ဆင်ပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်နှင့်
နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။
"ရန်ကုန်လေဆိပ်မှာ စတင်တပ်ဆင်ပေးနေပါပြီ။ နောက်ထပ် လေဆိပ်တွေကိုလည်း
တပ်ဆင်ပေးဖို့ ရှိပါတယ်။ လောလောဆယ်တော့ လေဆိပ်သုံးခုမှာ တပ်ဆင်ပေးဖို့
ရှိပါတယ်" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိ ပြည်တွင်းလေဆိပ်များ၌
အင်တာနက် အသုံးပြုနိုင်မှု မရှိ၍ နိုင်ငံခြားသားများ မြန်မာသို့
လာရောက်လည်ပတ်ရန်အတွက် အွန်လိုင်းမှ အီးဗီဇာလျှောက်ထားမှုများအား
တိုက်ရိုက်စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ အင်တာနက်မရရှိခြင်းနှင့်
ပတ်သက်၍ GMS Summit နေပြည်တော်ပွဲတွင် ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက "နိုင်ငံခြားသား
ဧည့်သည်ဝင်ရောက်မှု လွယ်ကူချောမွေ့စေရေးအတွက် ရည်ရွယ်ပြီး အင်တာနက်စနစ်ကို
အသုံးပြုတာပါ။ အရင်က နိုင်ငံခြားဧည့်သည်တွေ မြန်မာနိုင်ငံကို လာချင်ရင်
ဥပမာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လာဖို့အတွက်
မြန်မာသံရုံးရှိတဲ့မြို့ကို တကူးတကသွားပြီး ဗီဇာလျှောက်ရတယ်။ အဲဒီတော့
ဧည့်သည်တော်တော်များများ အချိန်လည်းကုန်၊ ကုန်ကျစရိတ်ကုန်ပြီး
အဆင်မပြေဘူး။ ဒီအခက်အခဲတွေ အဆင်ပြေအောင် အီး-ဗီဇာစနစ်ကို အကောင်အထည်ဖော်
ဆောင်ရွက်သွားမှာပါ" ဟု ပြောကြားခဲ့သည်။ ပြည်တွင်းတွင်
ဖုန်းဘီလ်ဆောင်ခြင်းနှင့် လေယာဉ်လက်မှတ် ဝယ်ယူခြင်းအတွက် e-ticket
စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ အခွန်ပေးဆောင်ရာ၌ e-custom ၊ အွန်လိုင်း
Shopping Mall များ ဖွင့်လှစ်ခြင်း စသည့် စနစ်များရှိပြီး မကြာမီ e-visa
စနစ် ပေါ်ပေါက်လာတော့မည်ဟု ၄င်းက ဆက်လက်ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလ ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment