Pages

Thursday, December 29, 2011

ဧည့်လမ်းညွှန်များ သတင်း (မန္တလေးတောင် ကားပါကင်)

ဧည့်လမ်းညွှန်များ သတင်း (မန္တလေးတောင် ကားပါကင်)

နိုင်ငံခြားသားဧည့်သည်တော်များဟာ Sun Set ကြည့်ပြီးသည်နှင့် တောင်ပေါ်မှ
ပြန်ဆင်းသည့်အခါ ဓါတ်လှေခါးများ အသုံးပြု၍မရတော့ပါ။ ထိုအခါ ခြေလျှင်ဆင်း၍
ပြန်ကြရသည်တွင် ကားပါကင်ကွင်းသို့ရောက်သည်နှင့် မိမိကားများရှိရာအထိ
ဖိနပ်မပါပဲ ခြေတုံးလုံးဖြင့်လမ်းလျှောက်၍ သွားကြရပါသည်။ အချို့မှာ
တော်တော်ပင်ဝေးလှသဖြင့် သူတို့၏ ခြေဖဝါးနုနုများမှာ မခံရပ်နိုင်အောင်
နာကျင်ခံစားကြရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
အတွင်းရေမှူး ဦးဝင်းဇော်ဦးမှ မန္တလေးတောင်သာယာစိုပြေရေးကော်မတီထံသို့
သွားရောက်၍ အဆိုပါ မော်တော်ကားပါကင် နေရာအား MTGA အသင်းမှ
ကွန်ကရစ်ခင်းခွင့်ပြုပါရန် ခွင့်တောင်းခံခဲ့ပါသည်။
မန္တလေးတောင်သာယာစိုပြေရေး ကော်မတီကလည်း ကြည်ဖြူစွာပင်ခွင့်ပြုခဲ့ပါသည်။
တချိန်တည်းမှာပင် မန္တလေး Tour ကားဆရာများ ကလည်း ငွေအင်အား
အကူအညီပေးမည်ဖြစ်ပါကြောင်း အလှူရှင်များစွာလည်း ပေါ်လာခဲ့ပါသည်။
သို့ဖြစ်ပါ၍ MTGA နှင့် Tour ကားဆရာများ အတူပူးပေါင်း၍ မကြာမီ
မန္တလေးတောင် မော်တော်ကားပါကင် တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း
စတင်တော့မည်ဖြစ်ပါကြောင်း သတင်းနှင့်ပြန်ကြားရေးကော်မတီသို့
အကြောင်းကြားလာပါသည်။ သို့ဖြစ်ပါ၍ တတ်နိုင်သရွေ့
ကုသိုလ်အလှူငွေပါဝင်ထည့်လိုသူများ အောက်ပါ ဖုံးနံပါတ်သို့ ဆက်သွယ်ကြပါရန်
ပြန်ကြားအပ်ပါသည်။

ဦးရန်နိုင်ထွန်း (ဖုံး ၀၉ ၂၀ ၂၄၇၀၁ )

သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေးကော်မတီ
မန္တလေးဇုံ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment