Pages

Thursday, December 29, 2011

မြန်မာနိုင်ငံဧည့်လမ်းညွှန်များနှင့် 2011 ခုနှစ်ခရီး

မြန်မာနိုင်ငံဧည့်လမ်းညွှန်များနှင့် 2011 ခုနှစ်ခရီး
၁။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားသည် ဒီမိုကရေစီအခင်းအကျင်းသို့
ဦးတည်ပြောင်းလဲလာခဲ့ပြီး၊ ဒီမိုကရေစီစနစ်၏ လိုအပ်ချက်တစ်ခုအရ
ပုဂ္ဂလိကဌာနဆိုင်ရာများ၊ အသီးအသီးသော လုပ်ငန်းတိုင်းတွင် ဆိုင်ရာဆိုင်ရာ
တူရာတူရာ စုစည်း၍ အစုအဖွဲ့များ၊ အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ရန်
လိုအပ်လာသည်နှင့်အညီ၊ မြန်မာနိုင်ငံတွင် အသင်းအဖွဲ့ပေါင်းများစွာ
မဖြစ်မနေ ပေါ်ထွက်လာခဲ့ရသည်။ ထိုအထဲတွင်
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (MTGA) သည်လည်း တစ်ခုအပါအဝင်အဖြစ်
ထွက်ပေါ်လာရသည်။

၂။ MTGA ဆိုသည့်အကြောင်းကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊
ဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
မြန်မာနိုင်ငံလုံးဆိုင်ရာဧည့်လမ်းညွှန်များ အလုပ်ရုံဆွေးနွေပွဲကို
ကျင်းပပြုလုပ်နိုင်ခဲ့သည်။

၃။ MTGA ဆိုသည့်အကြောင်းကြောင့် Refresher Course, Uniform, Roster
System စသည်တို့သည် သက်ဆိုင်ရာတို့၏ဆန္ဒအရ ထွက်ပေါ်လာရပြီး
ကန့်ကွက်ဆန္ဒပြမှုများလည်း တပြိုင်တည်းပေါ်ပေါက်လာ ခဲ့သည်။

၎။ MTGA ဆိုသည့်အကြောင်းကြောင့် (အရေးတယူဆောင်ရွက်ပေးမှုမရှိသေးသော်လည်း)
ဧည့်လမ်းညွှန်များ၏ လုပ်ငန်းသဘောသဘာဝနှင့် အခက်အခဲများကို
တင်ပြဆွေးနွေးနိုင်လာခဲ့သည်။

၅။ MTGA ဆိုသည့်အကြောင်းကြောင့် ယခင်က ဧည့်လမ်းညွှန်အချင်းချင်း
မသိကျွမ်းခဲ့သူများ၊ တစ်ချိန်က မတွေ့ဘူး မမြင်ဘူး မဆုံဘူးခဲ့သူများ
ဆုံတွေ့ရင်းနှီးခွင့်များရလာခဲ့ကြသည်။

၆။ MTGA ဆိုသည့်အကြောင်းကြောင့် Internet, Email, Facebook စသည် On Line
ဆက်သွယ်မှုတို့ ယခင်ကထက် ပိုမိုမြင့်မားလာခဲ့သည်။

၇။ MTGA ဆိုသည့်အကြောင်းကြောင့် ဧည့်လမ်းညွှန်အချင်းချင်း ဆက်သွယ်မှု
ပိုမိုမြန်ဆန်တိုးတက် လာခဲ့သည်။

၈။ MTGA ဆိုသည့်အကြောင်းကြောင့် ဧည့်လမ်းညွှန်များ၏ လိုအပ်ချက်များ၊
အခက်အခဲများ စသည်တို့ကို ဝိုင်းဝန်းဖြေရှင်းနိုင်လာခဲ့သည်။
အချင်းချင်းရိုင်းပင်းကူညီမှုများ တိုးပွားလာခဲ့သည်။

၈။ MTGA ဆိုသည့်အကြောင်းကြောင့် ယခင်က တစ်ဦးတစ်ယောက်တည်း
ဖြေရှင်း၍မရနိုင်သော ကိစ္စရပ်များ၊ ပြဿနာများကို ဝိုင်းဝန်းကူညီကာ
တတ်နိုင်စွမ်းသရွေ့ ဖြေရှင်းပေးနိုင်လာသည်။

၁၀။ MTGA ဆိုသည့်အကြောင်းကြောင့် လက်ရှိတွင်
ဒီမိုကရေစီကျင့်သုံးနေသောနိုင်ငံဖြစ်နေသော်လည်း
ကြီုးနီစနစ်ကျင့်သုံးနေသောသူများကို သိမြင်လာခဲ့သည်။

၁၁။ MTGA ဆိုသည့်အကြောင်းကြောင့် ဒီမိုကရေစီအတွေးအမြင်များ၊ ဒီမိုကရေစီ
အထိအတွေ့များ၊ ဒီမိုကရေစီအသိဥာဏ်များ၊ ဒီမိုကရေစီပညာရည်နှင့်
ဒီမိုကရေစီသဘောတရားများ အထိုက်အလျောက်တိုးတက်မြင့်မားလာခဲ့သည်။

၁၂။ MTGA ကိုဂေါင်တည်၍
ကြီုးနီစနစ်စရိုက်လက္ခဏာတို့၏ရိုက်ချက်ပြင်းထန်မှုကြောင့် ကြိုးကွင်းစွပ်
လိမ့်မည်၊ ရပ်နေတာကောင်းသည်၊ မပတ်သက်တာကောင်းသည် စသည်
ယုံကြည်မှုကင်းမဲ့စေပြီး MTGA နှင့် ဒီမိုကရေစီအပေါ်ကိုပင် သံသယများ
ကြီးထွားလာစေခဲ့သည်။

၁၃။ MTGA ကိုဂေါင်တည်၍ ကြီုးနီစနစ်ကြင့်သုံးကာ ဧည့်လမ်းညွှန်များကို
ကျူံးသွင်းဖမ်း ရန်တိုက်ပေးသကဲ့သို့ဖြစ်ရပြီး၊
အချင်းချင်းသွေးကွဲမှုများဖြစ်ပေါ်ခံစားစေသည်ကို သိမြင်လာခဲ့သည်။

၁၄။ MTGA ကိုဂေါင်တည်၍ ကြိုးနီစနစ်ကျင့်သုံးမှုကြောင့်
ဧည့်လမ်းညွှန်များ၏ဘဝကို ဧည့်လမ်းညွှန်များ ကသာ စီမံပိုင်ခွင့်ရှိသည်
ဆိုသည့်စကားမှာ ငုတ်ကွယ်နေခဲ့ရသည်။ ဧည့်လမ်းညွှန်များ၏လူ့အခွင့်အရေး
များဆုံးရှုံးနေရသည်ကို ကွက်ကွက်ကွင်းကွင်း သိမြင်လာရသည်။

၁၅။ MTGA ကိုဂေါင်တည်၍ ကြိုးနီစနစ်ကျင့်သုံးနေသူများကို ဆန့်ကျင်ခွင့်ရလာကြသည်။

၁၆။ MTGA ကို ဂေါင်တည်၍ ဧည့်လမ်းညွှန်များ၏ သူ့အမြင်ကိုယ့်အမြင်များ၊
သဘောထားများ စသည် မိမိတို့၏ ရင်တွင်းဖြစ်စကားများကို ဖေါ်ထုတ်ခွင့်၊
တင်ပြခွင့်၊ ရေးသားခွင့်၊ ရင်ဖွင့်ခွင့် ရလာခဲ့ကြသည်။

၁၇။ MTGA ဆိုသည့်အကြောင်းကြောင့် ထွက်ပေါ်လာသော
ပြည်တွင်းပြည်ပသတင်းအချက်အလက်တို့ကို အချိန်နှင့်တပြေးညီ
ဖြန့်ဝေအသိပေးအကြောင်းကြားနိုင်လာခဲ့သည်။

၁၈။ MTGA ဆိုသည့်အကြောင်းကြောင့် ဧည့်လမ်းညွှန်များ၏ လူမှုရေး၊ ဘာသာရေး၊
သာရေး၊ နာရေး စသည် ကိစ္စရပ်များကို ဝိုင်းဝန်းကူညီပံ့ပိုးနိုင်လာခဲ့သည်။

၁၉။ MTGA ဆိုသည့်အကြောင်းကြောင့် အချင်းချင်းအတွေ့အကြုံများဖလယ်ခြင်း၊
အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခြင်း၊ အတတ်ပညာရှင် အသိပညာရှင်များကို
ဖိတ်ကြား၍ ဟောပြောပို့ချသင်ကြားစေခြင်း စသည် ဧည့်လမ်းညွှန်များ၏
ပညာရည်တိုးတက်မြင့်မားရေးတို့ကို ဆထက်တန်ဘိုး တိုး၍ ဆောင်ရွက်နိုင်လာ
ခဲ့သည်။

၂၀။ MTGA ဆိုသည့်အကြောင်းကြောင့် နိုင်ငံတော်နှင့်လုပ်သားပြည်သူအများ
အတွက် (သဘာဝပတ် ဝန်းကျင်ထိန်သိမ်းရေး၊
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးစသည်) ပြည်သူ့အကျိုးပြုလုပ်ငန်းများ
ပို၍ပို၍ ဆောင်ရွက်နိုင်လာခဲ့သည်။

၂၁။ MTGA ဆိုသည့်အကြောင်းကြောင့် ဧည့်လမ်းညွှန်များအား
အခြားအဖွဲ့အစည်းများ၏ လေးစားစွာ ဆက်ဆံလာခြင်း၊ တလေးတစား ဖိတ်ကြားခံရခြင်း
စသည် ဧည့်လမ်းညွှန်များ ဂုဏ်ဒြပ်ထည်ဝါမြင့်မား လာခဲ့သည်။

၂၂။ MTGA ဆိုသည့်အကြောင်းကြောင့်
ဒီမိုကရေစီအသိဥာဏ်မြင့်မားလာခဲ့သည်နှင့်အမျှ ယခင်က
ရွက်ပုန်းသီးဖြစ်ခဲ့ရသော၊ ယခင်က မပြောရဲမဆိုရဲဖြစ်ခဲ့ရသော၊
မိမိတို့၏ထက်မြတ်သော အသိဥာဏ်၊ မိမိတို့၏ မတူညီသော ကွဲပြားသော
အသိအမြင်သဘောထားများကို ရဲဝံ့စွာ ထုတ်ဖေါ်ပြောဆိုနိုင်လာခဲ့ သည်။

၂၃။ MTGA ဆိုသည့်အကြောင်းကြောင့် ဒီမိုကရေစီ၏ရသများကို
ခံစားခွင့်ရှိလာခဲ့ရသည်။ ဥပမာ- တစ်ဦးနှင့်တစ်ဦး မတူညီသော
အတွေးအမြင်များ၊ မတူညီသောယုံကြည်ချက်များ၊ မတူညီသောသဘော ထားများကို
အပြုသဘောဆောင်၍ ဆွေးနွေးနေကြသည်ဖြစ်သဖြင့်၊
အပြင်မှရပ်ကြည့်ပြီးနားထောင်နေ ပါလျှင် အနည်းငယ်
ဆူညံပွက်လောရိုက်နေကြသည်၊ ရန်ဖြစ်နေကြသည်ဟု ထင်ကောင်းထင်မှတမှား
နေကြပါလိမ့်မည်။ တကယ်တော့ ဒီမိုကရေစီ၏ သဘောတရားကိုက
အနည်းငယ်ဆူညံတတ်သည်မှာ သဘာဝဖြစ်သည်။ အဲဒါမှ
ဒီမိုကရေစီစစ်စစ်ပင်ဖြစ်တော့သည်။ (သို့သော်လည်း ပုဂ္ဂိုလ်ရေးတို့ကို
ထိခိုက် စော်ကားခြင်းစသည် စည်းလွတ်ဘောင်လွတ်မဖြစ်ရပါ။) တစ်ဦးတစ်ယောက်၏
အမိန့်အာဏာကိုကြောက် ရွံ့ပြီး မှားလည်းခံ၊ မတရားတာလည်းငုံ့ခံ၊
အနိုင်ကျင့်လည်းကြိတ်မှိတ်ခံနေပြီး ခိုင်းတာလုပ် ပြန်မပြောနဲ့ ဆိုတာ
ဒီမိုကရေစီမဟုတ်ပါ။ ယခု ဧည့်လမ်းညွှန်များ ဒီမိုကရေစီ၏ ရသကို
အထိုက်အလျောက် ရရှိခံစား နေကြရပါပြီ။

၂၄။ MTGA အသင်းကြီးပေါ်လာသော်လည်း MTGAသည်
မည်သည့်လုပ်ဆောင်ပိုင်ခွင့်မျှမရှိသည့်အပြင်၊ MTGA အသင်းကသော်လည်းကောင်း၊
သက်ဆိုင်ရာဌာဆိုင်ရာနှင့် တာဝန်ရှိသူတို့ကလည်းကောင်း ယနေ့အချိန်ထိ
ဧည့်လမ်းညွှန်များအတွက် ဖြစ်ပေါ်လာသောကိစ္စရပ်များအတွက် ရပ်တည်ပေးခြင်း၊
ဧည့်လမ်းညွှန်များအကျိုးတွက် ဆောင်ရွက်ပေးခြင်း လုံးဝ(လုံးဝ) မရှိသေးပါ။

၂၅။ မိမိတို့ဧည့်လမ်းညွှန်များ၏ လူ့အခွင့်အရေး၊ ဧည့်လမ်းညွှန်ပညာရည်နှင့်
ဧည့်လမ်းညွှန်ဘဝတိုးတက် မြင့်မားရေးတို့အတွက် စည်းကမ်းရှိပြီးစနစ်ကျသော
ဒီမိုကရေစီလိုလားသူများဖြစ်သည်နှင့်အညီ ပညာ ရှင်ပညာတတ်များပီပီ
အချင်းချင်း နှီးနှောတိုင်ပင်ကာ ငြိမ်းချမ်းစည်းလုံးညီညွတ်စွာဖြင့်
"မြန်မာနိုင်ငံဧည့်လမ်းညွှန်များနှင့်2012ခုနှစ်ခရီး"ဆီသို့ ဆက်လက်
ချီတက်ကြပါစို့။

သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေးကော်မတီ
မန္တလေးဇုံ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment