Pages

Friday, September 30, 2011

Re: စည်းလုံးညီညာ အောင်ကြောင်းဖြာ

ဟုတ်ကဲ့၊ ကိုသောင်းနိုင်ဦးခင်ဗျား၊
ပြီးခဲ့တဲ့ရက်ပိုင်းမှာ၊ ဟိုးအထက်ပိုင်းကိုရက်ကြာကြာခရီးထွက်နေခဲ့လို့၊ ကိုသောင်းနိုင်ဦးရဲ့စာကို၊ ချက်ခြင်းမပြန်ကြားနိုင်ခဲ့တာခွင့်လွှတ်စေလိုပါတယ်။ ကိုသောင်းနိုင်ဦးရဲ့အရင်စာကို၊ ကျနော်ပြန်လည်ပြီးသဘောထားပေးခဲ့တာနဲ့ပတ်သက်လို့၊ ကိုသောင်းနိုင်ဦးဆီမှ၊ယခုလိုပြန်လည်နားလည်ပေးနိုင်တာကိုလဲ၊ လေးလဲလေးစားမိပါတယ်၊ ဂုဏ်လဲယူမိပါတယ်။ ဒါပေမဲ့၊ နောက်ဆုံးမှာရေးထားခဲ့တဲ့၊ ကိုစိုးမိုးတို့လိုတော်တဲ့ပုဂ္ဂိုလ်. . . .ဆိုတာကြီးကတော့၊ ကျောချမ်းလိုက်တာဗျာ။ တကယ့်တကယ်မှာ၊ ဧည့်လမ်းညွှန်ဆိုတဲ့သူ၊ အငယ်/အကြီးအများစုဟာ၊ သူ့အလင်းနဲ့၊ သူ့အဆင်းနဲ့ရှိပြီးကြပြီးသားပါ၊ တော်ရုံသတ္တိ၊တော်ရုံအရည်အချင်းနဲ့တော့၊ ဘာသာခြား၊ လူမျိုးခြား၊ ယဉ်ကျေးမူ့မတူတဲ့၊ ဘယ်ခါကမှမတွေ့ဘူးခဲ့တဲ့၊ နိုင်ငံခြားသားတွေကိုဦးဆောင်ဦးရွက်ပြုရမဲ့၊ဧည့်လမ်းညွှန်အလုပ်ကိုစိတ်ဝင်စားကြမယ်မထင်ပါ။ အားလုံးဟာ၊မပြောကြသေးတာပဲရှိပါလိမ့်မယ်၊ တနေ့နေ့မှာ၊အချိန်တန်လို့ပဲဖြစ်ဖြစ်၊ ပြောရဲဆိုရဲလာလို့ပဲဖြစ်ဖြစ်၊ ပြောလာကြဆိုလာကြလုပ်ကိုင်လာကြတဲ့အခါမှာ၊ ကျနော်တို့၊ ကိုသောင်းနိုင်ဦးတို့ထက်ပိုပြီး၊ ကြောက်ခမန်းလိလိ၊ အစွမ်းထက်မဲ့၊ ပုဂ္ဂိုလ်တွေပေါ်ပေါက်လာလိမ့်မယ်လို့၊ယုံကြည်ပြီး၊ကျနော်စာမှာရော၊ အခွင့်သင့်တဲ့အခါတိုင်းမှာရော၊ အားလုံးပါဝင်နိုင်ဘို့၊ ကျနော်တယောက်၊ တိုက်တိုက်တွန်းတွန်းပြောပြခဲ့တာပါ။အခက်အခဲ၊ဒုက္ခဆိုတာတွေကတော့၊ အချိန်တိုင်းမှာ၊ နေရာတိုင်းမှာရှိနေကြမှာပါပဲ၊ အခုကျနော်တို့၊ အကိုတို့ဘယ်လောက်ပဲရှင်းအောင်လုပ်ပေးပေမဲ့လဲ၊ သူ့အတိုင်းအတာ၊ သူ့အချိန်အခနဲ့သူ၊ အသစ်အသစ်သော၊ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံ၊ စိန်ခေါ်မူ့မျိုးစုံကတော့ရှိကိုရှိနေရမှာပါပဲ၊ သည်တော့ကျနော်အနေနဲ့ကတော့၊ အခက်အခဲတွေကိုကိုယ်စားပြုပြီးဖြေရှင်းပေးနေကြတာထက်၊ အားလုံးအားလုံးသောသက်ဆိုင်သူကြီးငယ်များကို၊ အတူလက်တွဲပြီးအတူဖြေရှင်းကြခြင်းသည်သာ၊ မျိုးဆက်တခုမှတခုကို၊ မှန်ကန်သောလက်ဆင့်ကမ်းပေးခြင်းလို့ထင်မိပါတယ်၊ ဒါကြောင့်လဲ၊ အားလုံးပါဝင်စေခြင်ခဲ့တာပါ၊ ဘယ်သူတွေကိုတော၊ ဘာ့ကြောင့်ဆိုပြီး၊ ချန်ထားခဲ့တာ၊ ကျန်ရစ်ခဲ့တာမဖြစ်စေလိုပါ၊ သည်အတွက်လဲ၊ အချိန်ဆိုတာလိုအပ်သလို၊ ကောင်းသောစိတ်စေတနာနဲ့လုပ်တဲ့၊ အလုပ်များများလုပ်ပြစေလိုပါတယ်၊ သည်နေရာမှာ၊ ကောင်းတယ်ဆိုပေမဲ့လဲ၊ မှန်ကန်တဲ့နည်းလမ်း၊ သင့်တော်တဲ့၊ ဖြစ်စဉ်နဲ့လဲညီညွှတ်ဘို့လဲလိုမယ်ထင်ပါရဲ့၊ ဒါကြောင့်လဲ၊ ကျနော်ထင်မိသမျှ၊ မြင်မိသမျှရေးမိပြောမိနေတာပါ၊ တိုက်ဆိုင်လို့၊ပြောပြလိုက်ပါအုံးမယ်၊ ကျနော်ပြီးခဲ့တဲ့လထဲမှာ၊ ဂျာနယ်တခုထဲက၊ ကြည့်လိုက်ရဖတ်လိုက်ရတဲ့၊ ကာတွန်းလေးတခုပါ၊ လူနှစ်ယောက်ပေါ့၊ တစ်ယောက်ကမြင်းကြီးစီးပြီး၊ အော်နေတာက၊ "ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်"တဲ့၊အဲ နောက်တယောက်ကတော့၊ "ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်"တဲ့၊ လှေကြီးလှော်ပြီးအော်နေတာလေ၊ အဲသည်ကာတွန်းလေးကိုကြည့်ပြီး၊ ဟိုစဉ်းစားသည်စဉ်းစားပေါ့ဗျာ၊ သည်နောက်တော့၊ သိပ်ပြီး၊ ဘာမှမပြောရဲတော့သလိုလဲ၊ ခံစားမိတယ်ဗျာ၊ ဘာလို့လဲဆိုတော့။ ကျနော်ကိုယ်တိုင်ဘာကြီးစီးပြီး၊ ဘာကိုအော်လို့၊ ဘယ်ကိုသွားခြင်နေတာလဲဆိုတာကိုပဲ၊ စဉ်းစားမိနေလို့ပါ၊ ကိုသောင်းနိုင်ဦးရေ။ အရင်တုံးက၊ ကိုဝင်းဇော်ဦးတို့၊ ဦးပိန်ပတ်ဝန်းကျင်၊ သန့်ရှင်းရေးကိစ္စကိုပြောပြဘူးသေးတယ်၊ ကိုယ်တိုင်သန့်ရှင်းရေးလုပ်မဲ့အစား၊ တာဝန်ရှိတဲ့၊ အဖွဲ့အစည်းတွေကိုထောက်ပြအကြံဥာဏ်ပေးတာကပိုသင့်တော်တယ်လို့ပေါ့၊ သည်လိုမဟုတ်ရင်တော့၊ သည်ကိစ္စက၊ ခုလိုပဲ၊ တခါတရံလာပြီးလုပ်အားပေးနေကြတာတွေနဲ့ပဲ၊ ပြီးစီးသွားမှာမဟုတ်တဲ့အပြင်၊ သန့်ရှင်းရေးလုပ်အားပေးတွေ၊ စေတနာနဲ့ချန်ထားပေးခဲ့တဲ့၊ အမိုက်ပစ်ရန်ဆိုတာကြီးကိုက၊ အနောက်အမှိုက်တခုထပ်တိုးလာသလိုဖြစ်သွားလိမ့်မယ်လို့ပေါ့၊ မတိုက်ဆိုင်တာရှိသွားရင်တော့၊ ကန့်တော့ဗျာ၊ လေးစားလျှက်။


2011/9/23 Thaung Naing Oo <thaungnaingoo.007@gmail.com>

ကိုစိုးမိုး ခင်ဗျား

            စိတ်ဝင်တစားနဲ့ ရင်ခုံသံလေးတွေ ပြန်ကြားပေးခဲ့တာ ကျေးဇူးတင် လေးစားမိပါတယ်။ ကိုစိုးမိုးရဲ့စာလေးတွေ အသေအချာ ဖတ်လိုက်ပါတယ်။ မှတ်သားစရာလေးတွေလည်းများစွပါပါတယ်။ အားလုံးသည် အပြုသဘောဆောင်ပြီး ဖြစ်စေခြင်တာလေးတွေ စေတနာထားပြီးရေးထားတာလို့ ခံစားမိပါတယ်။ ဒီစာကိုဖတ်ရခြင်းအားဖြင့်လည်း ဧည့်လမ်းညွှန်များ အတွက်ရော မြန်မာနိုင်ငံဧည့်လမ်း ညွန်များအသင်း အပေါ်မှာပါ စိတ်ဝင်စားမှုရှိကြောင်းနဲ့ ပစ်ပယ်မေ့ဖျောက်မထားဘဲ စောင့်ကြည့်နေမှုရှိ ကြောင်း နားလည်ရပါတယ်။ ကိုစိုးမိုးတို့လို ကျွန်တော်တို့လို အားလုံး နားလည်သူတွေများလာရင် ပိုပြီး အောင်မြင်မှာပါ။ ကျွန်တော် အပါအဝင် အားလုံးကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်စွမ်းတဲ့ဘက်က နေ ပါဝင်ပြီး ဝိုင်းဝန်းကူညီနေကြပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့်အနေနဲ့က အတွေ့အကြုံတွေ ဗဟုသုတတွေ နဲနေပါသေးတယ်။ ဒီကနေ့အထိ သင်ယူဆဲ ကြိုးစားနေဆဲပါ။ အဲဒီလိုကြိုးစားသင် ယူလေ့လာရင်းနဲ့ပဲ ဒီအသင်းကြီး တိုးတက်အောင်မြင်ဖို့ ကိုယ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ်။ တတ်ကျွမ်းလှပြီလို့တော့ မဟုတ်ပါဘူး။ ပြီးတော့ အရွယ်အားဖြင့်ပြောရရင် ကျွန်တော်တို့ဟာ နောင် ၃.၄နှစ်ဆိုရင် နောက်မျိုးဆက်သစ် လူငယ်များ အတွက် နေရာဖယ်ပေးရတော့မှာပါ။ ဒါပေမဲ့ ပုခုံးပြောင်းတာဝန် ထမ်းဆောင်ရစ်ကြမည့် အနာဂတ်ကြယ် ပွင့်လေးတွေအတွက် အခိုင်အမာဖြစ်အောင် တည်ဆောက်ပေးခဲ့ ချင်ပါတယ်။ နည်းကောင်းလမ်း မှန်လေးတွေကို အမွေအဖြစ် ချပေးခဲ့ချင်ပါတယ်။ ကျွန်တော်တို့ ဒုက္ခရောက် ခဲ့သလို သူတို့လေးတွေ ဒုက္ခမရောက်စေချင်ပါဘူး။ ဒါဟာ ယခု လက်ရှိလုပ် ကိုင်ပေးနေတဲ့သူတွေ အားလုံးရဲ့ တူညီတဲ့ဆန္ဒတွေပါပဲ။ ကျွန်တော်တို့ အများကြီးလုပ်ရဦးမှာပါ။ အခက် အခဲတွေ အများကြီး ကျော်ဖြတ်ရဦးမှာပါ။ အဲဒီလို ကျော်ဖြတ်နေစဉ်မှာ ဟာကွက်လေးတွေ လွဲမှားမှုလေး တွေဆိုတာ ရှိကောင်း ရှိလာနိုင်မှာပဲ။ အားလုံးသည် စေတနာအပြည့်နဲ့ လုပ်ကြတာဖြစ်သည့်အတွက် အကယ်၍ လွဲမှားမှုရှိခဲ့ရင်လည်း စေတနာ အမှားလေးတွေပဲ ဖြစ်မှာပါ။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီဆိုတာ မရသေးပါဘူး။ ဒီမိုကရေစီရဲ့လမ်းကြောင်းပေါ်ကို ကြိုးစားပြီး ဆွဲတင်နေ ဆဲကာလမှာ ရောက်နေပါသေးတယ်။ ဒါပေမဲ့ ဒီမိုကရေစီရဲ့ အချို့သော ရသလေးတွေ ခံစားနေရပါပြီ။ မကြာခင် ရောက်တော့မယ်လို့လဲ ခံစားရတယ်။ ကူးပြောင်းဆဲကာလမှာ အခက်အခဲအခဲဆိုတာ အများကြီး ကြုံရမှာပါ။ ဒါပေမဲ့ အားလုံး စည်းလုံးညီညွတ် တဲ့အား လိုပါတယ်။ ထို့အတူပါပဲ ကျွန်တော်တို့ ရဲ့အသင်း ကြီးဟာလည်း ကြီုးစားတည်ဆောက်ဆဲကာလ မှာပဲရှိနေပါသေးတယ်။ ဒီနေ့(23.9.2011)နေ့ ဟာ မြန်မာ နိုင်ငံဧည့်လမ်းညွှန်များအသင်းတည်ထောင်ခြင်း တစ်လတင်းတင်း ပြည့်တဲ့နေ့ပါ။ (၁)လသား အရွယ်ပဲ ရှိနေပါသေးတယ်။ ဒီလိုတည်ဆောက်ဆဲကာလမှာ ဓါးတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်ရ မှာပါ။ ဒါပေ မဲ့ ဒါတွေက စိန်ခေါ်မှု (Challenge) တွေလို့မြင်ပါတယ်။ ဒါတွေကို မရရအောင် ကျော်ဖြတ်ကြရ မှာပါ။ များမ ကြာမီ အောင်မြင်တော့မယ်လို့လဲ လုံးဝ ယုံကြည်တယ်။ ဒါပေမဲ့ အားလုံး စည်းလုံးညီညွတ် တဲ့အင်အား လို နေပါတယ်။ ဒါက ဒီမိုကရေစီရဲ့သဘောတရားပါပဲ။ အားလုံးတက်ညီလက်ညီ လှော်ခတ်ကြမှ ရမှာပါ။ အထူးသဖြင့် ကိုစိုးမိုးတို့လိုတော်တဲ့ပုဂ္ဂိုလ် အတွေ့အကြုံရင့်ကျက်ကြီးမားတဲ့ပုဂ္ဂိုလ်တွေပါပါဝင်ပြီးဦး ဆောင်လမ်းညွှန်မှုပေးနိုင်မယ်ဆိုရင်သည်ထက်ပိုပြီးတော့ မြန်မြန်ချီတက်နိုင်မယ်လို့လုံးဝယုံကြည်ပါတယ်။

အစဉ်လေးစားလျက်

သောင်းနိုင်ဦး(ဧည့်လမ်းညွှန်)

G- 5721 မန္တလေးဇုံ

23 . 9 . 2011


--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment