Pages

Sunday, July 31, 2011

Re: Re ဥက္ကဌကြီးရဲ့ လက်မှတ်နှင့် ပထမဆုံး မြင်ရသော MTGA အကြောင်းကြားစာ

ကိုဝင်းဇော်ဦးရေ
တစ်ဦးချင်းစီက ခံစားချက်တွေကိုတော့ နားလည် ပေးနိုင်ပါတယ်။
အတွေးအခေါ်။idea မျိုးစုံ။စိတ်ကူးစိတ်သန်းမျိုးစုံ ရှိကြတဲ့ မ
တစ်ထောင်သားတွေ ဖြစ်ကြတဲ့
အပြင် အသစ်မွေးဖွားလာမဲ့ MTGA ကို လွတ်လပ်ပြီး။တရားမျှတမှု
ရှိတဲ့ အဖွဲ့ အစည်း တစ်ခု့ဖြစ်လာရေး အတွက် လိုအပ်ရင်လိုအပ်သလို လူတွေကို
မမုန်းပေမဲ့
procedure အောက်နေတဲ့ မူတွေ ကို အနည်းအများ ကြိုးစားပြီး ပြင်ဆင်နေဆဲ
အချိန်မှာ
အသံတွေက တော့ အမျိုးစုံကြားလာနိုင်ပါတယ်။

ကိုဝင်းဇော်ဦး ပြောခဲ့ တဲ့ အတိုင်း နံပါတ် ၂ ။ကိစ္စ မှာ ကျမ
ကစိတ်ဆိုးခဲ့တာမဟုတ်ပါဘူး။
ကျမပြောခဲ့တာက အမှန်တကယ်အလုပ်လုပ်နေကြတဲ့ ဧည့်လမ်းညွှန်တွေအနေ နဲ့
နှစ်စဉ်ကြေး ကို လ အလိုက်တွက်လိုက်မယ်ဆိုရင် တစ်လကို၂၀၀၀ ကျပ်
လောက်ဘဲဖြစ်လို့။
ဒီပိုက်ဆံကနေ လူမှုရေး ကိစ္စ လေးတွေ လုပ် ရင် အလှုဒါန မြောက် ပါတယ်ဆိုတဲ့
စိတ်ကူးလေး ရှိလို့။
ဧည့်လမ်းညွှန်တွေ အနေ နဲ့ ဒီလောက်တော့ ပေးသင့်တယ်ထင်လို့ပါ။
ကျန်တာတွေကတော့ ကျမ နဲ့ မဆိုင်လို့ မပြောတော့ပါဘူး။

Election တစ်ခု့ကို စနစ်တကျတကယ်လုပ်ချင်တဲ့
စိတ်ရင်းအမှန်ရှိတယ်ဆိုရင်တော့
influence မရှိ။ကင်းကင်းရှင်းရှင်း ရှိနိုင်မဲ့ Tourism Industry
ထဲကမဟုတ်သော
Multi Third Parties မခေါ် လို့တော့ မရဘူးဆရာရေ။

မဲပေးတဲ့နေ့ မှာမဲလာပေးတဲ့သူ တွေအတွက် မဲစာရွက်တွေကို ဘယ်သူကဝေမှာလဲ။?
မဲလာပေးထားတဲ့ မဲစာရွက်တွေကို နောက်ဆုံးမှာဘယ်သူက ရေတွက်မှာလဲ။?
မဲစာရင်းဇယား final result ကို ဘယ်သူကရေးမှတ်မှာလဲ။?

admin work တွေ။ paper work တွေ။ အများကြီး ရှိလို့ ။
ရွေးကောက်ပွဲကော်မရှင်ပြုလုပ်ကြမဲ့ ဆရာကြီး။ဆရာမကြီး များ ၏ ကျန်းမာရေး
အခြေအနေ တွေ။
ကော်မရှင်ဆရာကြီး။ဆရာမကြီး များ ကိုယ်တိုင် မဲပုံးကိုင်။
ထိုင်လိုက်။ထလိုက်။မဲရေတွက်လိုက်။စာရင်းရေးလိုက်။
စိတ်ကူးလေးနဲ့ဘဲ မြင်ယောင်ကြည့်လိုက်ပါဦး။လက်တွေ့ မှာ မသက်သာလှတဲ့
အလုပ်တွေကို ဘယ်လိုလုပ်မလဲ။
စဉ်းစား စေချင်ပါတယ်။ လွတ်လပ်သောအတွေးအခေါ်ရှိတဲ့ အသင်းအဖွဲ့အစည်း
တော်တော် များများ ဟာ ဒီအတိုင်းဘဲ
ဆိုတာ လေ့လာကြည့်စေချင်ပါတယ်။
ဆရာမသိသေးတဲ့ election သတင်းတပုဒ်ကိုလည်းစုံစမ်းကြည့်ပါဦးနော်။

လေးစားစွာဖြင့်
ချောချောကြေးမုံ (G-1019 / 1995 )

On Jul 30, 9:22 am, Bo Saw <saww.myan...@googlemail.com> wrote:
> တကယ်တမ်း Field ထဲမှာနေတဲ့ Guide က ထောင်ဂဏန်း သာသာပဲရှိမယ် ။
> နောင်တိုးလာမဲ့အရေအတွက် အတွက်ကြိုတင်တွက်ဆထားပြီး ရွေးတာလို့ထင်မိတာပဲ။
>
> On Jul 29, 8:44 pm, winzaw oo5 <winzaw...@gmail.com> wrote:
>
>
>
>
>
>
>
> > သှို/
> > ဥက္ကဌ
> > မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း(ယာယီ)
> > ရန်ကုန်မြို့။
>
> > ကျနော် ကိုဝင်းဇော်ဦးပါ။လိုင်စင်ရဧည့်လမ်းညွှန်တစ်ဦးပါ။ဥက္ကဌ ကြီးရှဲု
> > လက်မှတ်နဲ့ ထုတ်တဲ့ တရားဝင်စာ ကို ပထမဆုံးမြင်ရတော့ စိတ်လှုပ်ရှားရပါတယ်။
> > ကျနော်တို့ ဧည့်လမ်းညွှန်များရဲ့ လက်ရှိ ဥက္ကဌ၊ လွတ်လပ်သော
> > ဧည့်လမ်းညွှန်များ အသင်းရဲ့ တရားဝင် လက်ရှိဥက္ကဌ ရဲ့ လက်မှတ်ထိုးနဲ့
> > ရုံးစာကို မြင်ရတော့ အတိုင်းမသိ ခံစားရပါတယ်။
> > ၁၅.၅.၂၀၁၁ ရက်နေ့လည် ဆရာဦးမျိုးသန့် အိမ်မှာ ပထမဆုံးသော နယ်
> > ကိုယ်စားလှယ် စုံ ညီအစည်းအဝေးကြီးကို မနေ့ တနေ့ ကလို မြင်ယောင်နေဆဲပါ။
> > လွတ်လပ်စွာ ကွဲလွဲကြ ၊ငြင်းခုန်ကြ၊ ရန်ဖြစ်ကြ ၊ ဖြန်ဖြေကြနဲ့။
> > ကျနော်တင်တဲ့
> > ၁။ဘာသာစကားအလိုက် အုပ်စုလေးတွေခွဲဘို့
> > ၂။ ၂၀၀၀၀+၂၀၀၀၀ ကို မနိုင်ဝန်မို့ လျော့ပေးဖို့ ( မချောတောင် ကျနော့် ကို
> > စိတ်ဆိုးသေးတယ်)
> > ၃။ သင်းဖွဲ့စည်းမျဉ်း ပြင်ကြဖို့ ( ကိုချမ်းယိမ်းစိတ်ဆိုးခဲ့)
> > ၄။ဧည့်လမ်းညွှန်များရဲ့ လူမှုရေးကိစ္စလေးတွေ အဓိကလုပ်ဖို့( ကိုကိုလတ်တောင်
> > စိတ်ဆိုးသေး)
> > ၅။ ရန်ကုန်နဲ့ နယ် ၃ နယ် ၁၅+၄+၄+၄  ၀န်ကြီးဌာနမှာတင်ကြဖို့(
> > အားလုံးသဘောတူ တင် ခဲ့ပြီး)
> >    ညနေစောင်းတဲ့အထိ မပြီးနိုင်မစီးနိုင် ငြင်းခုံခဲ့ကြတယ်လေ။ အပြန်
> > မချောကားနဲ့ ကျနော် နဲ့ ကို ချမ်း ယိမ်း တို့ လမ်းကြုံ လိုက်လာကြတာ...
> > သတိယတုန်းပါဗျာ။
> > အဲဒီထဲက ဘာတွေ ဖြစ်လာပြီလဲ ဆို ပြန်ကြည့်ပါတယ်။၁ နဲ့ ၂ တော့ ဖြစ်လာပါပြီ။
> >  အင်း အခုတော့ ကျနော့်ုသူ့ကိုယုံကြည်လို့ ရန်ကုန်ထိလာရောက်
> > လှုပ်ရှားခဲ့တဲ့ ကိုသန်းထွန်းဦး ကိုလည်း မကြားရတာကြာပေါ့။
> > မကြာမီကျင်းပကြမယ့် ရွေးကောက်ပွဲ အပြီးမှာ ဥက္ကဌ ကြီး အပါအ၀င်
> > ကိုချမ်းယိမ်းတို့ ကျနော် ၊ကိုရဲမြတ်ထွန်းအပါအ၀င် လှုပ်ရှားမှုတွေက အနားယူ
> > ဘေးထွက်နေကြတော့မယ် ဆိုတော့.. MTGA ကြီး ကို ကျစ်ကျစ်လစ်လစ် မဖွဲ့ရသေးခင်
> > (ယာယီ) ဆိုတာကြီး မဖြုတ်ရသေးခင် ရပ်နား လိုက် ကြ ရတော့မှာ
> > စိတ်မကောင်းပါဘူး၊
> > ကျနော် တစ်ဦးတည်းသဘောကတော့ အသင်းကြီးတရားဝင် မပေါ်ပေါက်သေးခင်
> > ရွေးကောက်ပွဲ ကြီးလုပ်တာ စောပါသေးတယ်။ ဧည့်လမ်းညွှန်စုံညီ စည်းဝေးပွဲကြီး
> > အရင် ကျင်းပပြီး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် အရင် ဆုံးလုပ်ရမှာပါ အလွန်ဆုံး
> > ကြာ နောက် ၂ လ ပေါ့။ ဘာကြောင့် အလောတကြီး လုပ်ချင် နေကြတာလဲ။ ပုဂိုလ် ရေး
> > မကြေနပ်မှုကြောင့် မဟုတ်ပဲ အားလုံး သော ဧည့်လမ်းညွှန်များ အတွက် စဥ်းစားကြ
> > ပါ လို့ ပြောလိုပါတယ်။
> > ဌာနဆိုင်ရာ အရာ ရှိများ၊ လက်ရှိ ခိုင်မြဲပြီး အသင်းအဖွဲ့များ ၊ကျနော်တို့
> > ကို ၀န်ကြီးက စာ နာ ညှာတာ နေတာကို မကျေနပ်သူများ၊ ကြားမှာ ဘယ် လို အရည်
> > အချင်းရှိသူက ဦးဆောင် ကာကွယ်ပေးမှာလဲ။စိတ်ပူမိပါတယ်။
> >  တွေ့ မိသလောက် ..ဖက်ထားတဲ့စာ အုပ်တွေကိုကိုးကား ပညာတတ်ကြောင်း ပြ ပြီး
> > လိုရင်းမရောက် ဝေ့၀ိုက်နေသူတွေ ၊ ငါလုပ်တာကလွဲပြီး ဘယ်သူပြောတာမှ
> > လက်မခံပဲ နား ပိတ် မျက်စေ့မှိတ်ထားသူတွေ၊ ဘေးထိုင်ဘုပြောသူတွေ၊ အဝေးကနေ
> > ရီနေသူတွေ၊ ထောက်ကွက်ရှာရုံ တစ်ခုပဲသိ ပြီး အနာဂါတ် Plan
> > မစဉ်းစားနိုင်သူတွေ၊ ဝေဖန်တာကို မခံနိုင်သူတွေ နဲ့ MTGA ကြီးအတွက်
> > ရင်လေးမိသော်လည်း သံဃာအား ဘုရားသော်မှမလွန်ဆန် သာ တာပဲ လေ ဥက္ကကြီး တို့
> > ကိုချမ်းယိမ်း တို့ ကျနော်တို့ စိတ်မကောင်းစွာ ဆိပ်ဆိပ်နေကြတာပေါ့ဗျာ။
> > Election Plan နဲ့ Structure ကို သုံးသပ်ကြည့် ရတာ
> > ၁။ ၀န်ကြီး ရဲ့ လမ်းညွှန်ချက်က ၃၀/၄၀ EC နဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့ စေချင်တယ်။
> >  အခု EC 80 တဲ့။
> > ၂။ဝန်ကြီးက အစုအဖွဲ့လေးတွေနဲ့ ဗဟိုချုပ်ကိုင်မှုလျော့စေချင်တယ်
> > အခု အားလုံးကို EC များ သည် အမြင့် ဆုံး အဖွဲ့တဲ့
> > ၃။ဝန်ကြီးက ဧည့်လမ်း ညွှန်များ အရေး ကို ဧည့်လမ်းညွှန် များသာ ဆောင်ရွက်စေချင်တယ်
> > အခု မာလ်တီ သာ့ပါတီ ခေါ် ကြီးကြပ်စေမယ်ဆိုပါလား။
> > ၄။နောက် ရွေးကောက်ပွဲကုန်ကျစားရိတ်...
> > ၅။ ဧည့်လမ်းညွှန်တိုင် အချိန်ကုန် လူပမ်း...အဆိုးဆုံးက
> > ၆။စိတ်ဝမ်းတွေကွဲကုန်ကြမှာ စိတ်မကောင်းဘူး။
>
> > ဥက္ကဌကြီးခင်ဗျား
> > နောက်ဆုံးအကြိမ် အဖြစ် အသင်းကြီး အတွက် ( ၂.၈.၂၀၁၁) နေပြည်တော် မှာ
> > ကြိုးစား ခဲ့ပါမယ်။ အခွင့်အရေးရခဲ့ရင်ပေါ့။
> > လက်ရှိ EC များ လည်း စိတ်ဝမ်းမကွဲကြပါနဲ့ဦး၊ စိတ်မလျော့လိုက်ကြပါနဲ့ဦး။
> > MTGA အသင်းကြီး ခိုင်ခိုင်မာမာ အရင်ဆုံး ပေါ်ပေါက်လာအောင် ကြိုးစားခွင့်
> > တင်ပြ ခဲ့ပါမယ်။
>
> > လေးစားစွာဖြင့်-
>
> > ကိုဝင်းဇော်ဦး
>
> > On 7/29/11, mtga election <mtga.elect...@gmail.com> wrote:
>
> > > မြန်မာနိုင်ငံဧည့်လမ်းညွန်များအသင်း(ယာယီ)...
>
> read more »

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment