Pages

Tuesday, May 31, 2011

ပြည်တွင်း ဘဏ်များအားလုံး Credit Card စနစ် ကျင့်သုံးရန် ခွင့်ပြုချက်ရရှိ To :

ပြည်တွင်းရှိ ဘဏ်များ အားလုံးအနေဖြင့် အကြွေးဝယ်နိုင်သည့်စနစ် (Credit Card) ကို မကြာခင် ကျင့်သုံးတော့မည်ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းမှ ၂၇-၅-၂၀၁၁ ရက်က စုံစမ်းသိရှိရသည်။ ယင်းသို့ Credit Card စနစ် ကျင့်သုံးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ခွင့်ပြုထားပြီး ဖြစ်သည်ဟု သိရသည်။ "Credit Card စနစ်ကို အခု ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကလည်း ခွင့်ပြုပြီးသွားပါပြီ။ ဒါကို စနစ်တကျ လုပ်သွားမှာပါ။ နိုင်ငံတကာ ပုံစံအတိုင်း လုပ်မှာပါ။ ဒါမကြာတော့ပါဘူး" ဟု CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယခု လတ်တလောတွင် ဘဏ်များအနေဖြင့် ဘဏ်ဝန်ဆောင်မှုများအဖြစ် အပ်ငွေ လက်ခံခြင်း၊ အတိုးနှုန်း၊ စီးပွားရေးလုပ်ငန်း ချေးငွေများ၊ ငွေလွှဲခြင်း၊ ချက်လက်မှတ် အသုံးပြုရန် စီစဉ်ခြင်း၊ ဂြိုဟ်တု (Online Banking System) စနစ် သုံးငွေသွင်းငွေလွှဲစနစ်များ၊ ဘဏ်စုငွေ ပြုလုပ်နိုင်ရန် စီစဉ်ခြင်း၊ စာရင်းသေ အပ်ငွေနှင့် စာရင်းရှင် အပ်ငွေ လက်ခံခြင်းစသည့် ဝန်ဆောင်မှုများကို စီစဉ်လျက် ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းတွင် ပုဂ္ဂလိက ဘဏ်များကို ၁၉၉၀ခုနှစ် အလွန်မှ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ရာ ယခုအခါ ဘဏ်ပေါင်း ၁၉ဘဏ် ရှိပြီးဖြစ်ကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment