Pages

Tuesday, May 31, 2011

ရန်ကုန်မြို့၌ ဟိုတယ်ဇုန်တစ်ခု ဖော်ထုတ်ရန် စီစဉ်နေ

ရန်ကုန်မြို့၌ ဟိုတယ်ဇုန်တစ်ခု ဖော်ထုတ်ရန် စီစဉ်နေ PDF Print
Wednesday, 01 June 2011 10:22
AddThis Social Bookmark Button

ရန်ကုန်မြို့တွင် ဟိုတယ်ဇုန်တစ်ခု ဖော်ထုတ် တည်ထောင်သွားရန် ရှိကြောင်း သတင်း ရရှိပါသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှုသည် ၂၀၁၀ ပြည့်နှစ်တွင် ၂၇ ရာခိုင်နှုန်း ၀န်းကျင် တိုးတက်ခဲ့ပြီး ရန်ကုန်လေဆိပ်မှ ၀င်ရောက်မှုမှာ သုံးသိန်းကျော် ရှိခဲ့သည်။ ယင်းသို့ ၀င်ရောက်မှုတွင်ပင် ရန်ကုန်၊ ပုဂံ ကဲ့သို့သော ခရီးစဉ် ဒေသများ၌ ဟိုတယ်အခန်း မလုံလောက်မှုများ ဖြစ်ပေါ်လာ၍ ယခုထက် တိုးတက်လာနိုင်ခြေ ရှိသော ခရီးသွားများ အတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ရာတွင် ဟိုတယ်ကဏ္ဍလည်း အပါအ၀င် ဖြစ်လာခြင်း ဖြစ်သည်ဟု သိရှိရသည်။

''ဟိုတယ်နဲ့ ဆက်စပ်လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု လိုလာပါတယ်။ ဒီအတွက်လည်း ဈေးကွက်မြှင့်တင်ဖို့ ရှိတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြောကြားသည်။

''ဟိုတယ် တော်တော်များများက ဆောက်ခွင့်ပေးလိုက်ရင် ရပ်ကွက်ကြားထဲ ရောက်သွားတယ်။ ဟိုတယ်ဇုန်တစ်ခု သီးသန့် ဖော်ထုတ်ဖို့ ရှိပါတယ်။ ဗိုလ်တထောင်လို နေရာကို ကြိုက်တယ်။ ဒါပေမယ့် ယာဉ်ကြောပိတ်ဆို့မှု လိုမျိုးကိုလည်း ထည့်စဉ်း စားရတယ်''ဟု ၎င်းကဆိုပါသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် နှစ်ကုန်အထိ စာရင်းများအရ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းပေါင်း ၆၀၀ ကျော်နှင့် အခန်းပေါင်း ၁၉၉၀၀ ကျော် ရှိနေသည်။ ယင်းအနက် ရန်ကုန်မြို့သည် ဟိုတယ်နှင့် အခန်း အရေအတွက် အများဆုံး ဖြစ်ကာ ရန်ကုန်မြို့ပြီးပါက မန္တလေးမြို့နှင့်ပုဂံတို့တွင် အခြားသော ဒေသများထက် ပိုမို တည်ရှိနေသည်။

''ရန်ကုန်မှာက ဧည့်သည် သုံးသိန်းလောက်ဆိုရင် ဟိုတယ် မလောက်ဘူး။ နယ်စပ်ပါပါရင် တစ်သန်းနီးပါး ရှိလာမယ်။ အခြေခံ အဆောက်အအုံပိုင်းတွေ အများကြီး ပြင်ဆင်ဖို့ လိုပါတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်စ ပြုလာနေကာ ကမ္ဘာတွင် ခရီးသွားလာရန် စိတ်အ၀င်စားဆုံး နိုင်ငံ အဖြစ်သို့လည်း ယခုနှစ်တွင် ရောက်ရှိလာခဲ့သည်။

Ref: weekly eleven

 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment