Pages

Tuesday, May 31, 2011

ဟိုတယ်သင်ရိုး အသစ် ထပ်တိုးမည်

ဟိုတယ်သင်ရိုး အသစ် ထပ်တိုးမည်

Posted by Popular News on Jun 1st, 2011 and filed under Internal News. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry

လက်ရှိသင်ကြားနေသော ဟိုတယ်လုပ်ငန်းဆိုင်ရာ ဘာသာရပ် သင်ခန်းစာများတွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းသစ်များ ထပ်မံထည့်သွင်းသွား မည်ဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 'ဟိုတယ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သင်တန်းကျောင်းတွေမှာ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်တွေ အပြန်အလှန် အသိအမှတ်ပြု (MRA) အစီအစဉ်နဲ့လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ သင်ကြားပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ လက်ရှိသင်ကြား ပေးနေတဲ့ သင်ခန်းစာတွေက နိုင်ငံတကာအဆင့်ဆိုပေမယ့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းဆိုတာ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲနေတော့ သင်ခန်းစာ အသစ်တွေ ထပ်မံထည့်သွင်းသင်ကြားပေးနိုင်ဖို့ လိုအပ်ပါ တယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ပြည်တွင်း၌ နိုင်ငံတကာအသိ အမှတ်ပြု ဟိုတယ် လုပ်ငန်းကျွမ်း ကျင်ဝန်ထမ်းများတိုးတက်ပေါ်ထွန်းလာစေရန်နှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များအနေဖြင့် ယခုထက် ပိုမို၍ နိုင်ငံတကာအသိအမှတ်ပြု ဝန်ဆောင်မှု ကောင်း မွန်စွာ ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။ "နိုင်ငံတကာမှာ သွားရောက်အလုပ်လုပ်မယ်ဆိုရင်လည်း အလုပ် အကိုင်အခွင့်အလမ်း ပိုပြီးကောင်းလာမှာ ဖြစ်တယ်။ သက်ဆိုင်တဲ့ ဟိုတယ်လုပ်ငန်းကျွမ်းကျင်အောင် လက်မှတ်တွေကိုလည်း နိုင်ငံတကာ ဟိုတယ်ကြီးတွေက ပိုမိုအသိအမှတ်ပြု လက်ခံ လာစေဖို့ သင်ခန်းစာ တွေထပ်တိုးရခြင်းလည်း ဖြစ်ပါတယ်"ဟု ၄င်းက ထပ်လောင်း ပြောသည်။ ပြည်တွင်း၌ ဟိုတယ်လုပ်ငန်းကျွမ်းကျင်သင်တန်းများ တက်ရောက် ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေမှုများသည် ၂ဝဝ၈ ခုနှစ်မှစတင်၍ တွင်ကျယ်လာခဲ့ကြောင်း၊ ယူအေအီးနှင့် တရုတ်နိုင်ငံ များသို့ သွားရောက် အလုပ်လုပ်ကိုင်သူ အများဆုံးဖြစ်ကြောင်း သိရ သည်။
အောင်ရဲကျော်

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment