Pages

Monday, February 28, 2011

MAI က သုံးနိုင်ငံ တစ်ဆက်တည်း ခရီးစဉ်များကို တိုးချဲ့ပျံသန်းမည်

 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) သည် နိုင်ငံတကာ လေကြောင်းပျံသန်းမှု သဘောတူညီချက် (Flight Freedom Right) အရ သုံးနိုင်ငံ တစ်ဆက်တည်း ပျံသန်းပြေးဆွဲမှု ခရီးစဉ်ကို ယခုနှစ်အတွင်း တိုးချဲ့ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။ MAI သည် သုံးနိုင်ငံ တစ်ဆက်တည်း ပျံသန်းမှု ခရီးစဉ်အပြင် ဘန်ကောက်-ရန်ကုန်-ဘန်ကောက်- စင်ကာပူ-ဘန်ကောက် ခရီးစဉ်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ပျံသန်းခဲ့ကြောင်း သိရသည်။ "နိုင်ငံတကာ လေကြောင်း သဘောတူညီချက်အရ သုံးနိုင်ငံပျံသန်းနေတဲ့ ခရီးစဉ်က အောင်မြင်မှု ရရှိနေတယ်ဆိုပေမယ့် မြန်မာပြည်သူတွေ သိရှိမှု နည်းပါးသေးတယ်"ဟု အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ MAI သည် လက်ရှိပျံသန်းမှု ခရီးစဉ်အတွက် လေယာဉ်တစ်စင်းကို ဘန်ကောက်မြို့ လေဆိပ်တွင် ညအိပ်ရပ်နားစေပြီးမှ ခရီးစဉ်များကို စတင်ပျံသန်းရကြောင်း ၊ တိုးချဲ့ပျံသန်းမှု ခရီးစဉ်များအဖြစ် ရန်ကုန်-စင်ကာပူ-ဂျကာတာနှင့် ရန်ကုန်-စင်ကာပူ-ဘာလီ တို့ကို ရွေးချယ်ထားပြီး ၂၀၁၁ ခုနှစ်အတွင်း ပြေးဆွဲသွားရန်ရှိကြောင်း၊ ထို့ပြင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တို့သို့ တိုက်ရိုက် ခရီးစဉ်များကို ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ပျံသန်းပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ MAIသည် ထိုသို့ ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းနိုင်ရန်အတွက် ATRA 320 အမျိုးအစား လေယာဉ်များကို မှာယူထားပြီး ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းတွင် တစ်စင်း ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ "ခရီးစဉ်တွေက နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နေရတဲ့ ဈေးကွက်တွေပါ။ ဒီအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့အပြင် လေယာဉ်တွေလည်း ထပ်မံ မှာယူထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

 
 

Things you can do from here:

 
 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment