Pages

Monday, February 28, 2011

မြန်မာ့လေကြောင်းပိုင် လေယာဉ်သုံးစင်းနှင့် အင်ဂျင်များ လေလံတင် ရောင်းချမည်

 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


မြန်မာ့လေကြောင်းပိုင် လေယာဉ်သုံးစင်းနှင့် အင်ဂျင်များ၊ အင်ဂျင်အစိတ်အပိုင်းများကို လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ တရားဝင်ထုတ်ပြန် ကြေညာချက်အရ သိရသည်။ လေလံတင် ရောင်းချမည့် အမျိုးအစားများမှာ ပျံသန်းနိုင်သော အခြေအနေရှိသည့် F-27 အမျိုးအစား လေယာဉ်နှစ်စင်း၊ စီးပွားရေးအရ အသုံးပြုနိုင်သော အခွံသက်သက် F-28 အမျိုးအစား လေယာဉ်တစ်စင်း၊ Rolls-Royce Dart အင်ဂျင် ၂၂ လုံးနှင့် F-27 လေယာဉ် အစိတ်အပိုင်း ၁၃၂ မျိုးတို့ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာ့လေကြောင်းတွင် တစ်ဒါတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်းများ နေရာတွင် လေယာဉ်အသစ်များ အစားထိုးပြေးဆွဲသည့် စီမံကိန်းအရ အဆိုပါ လေယာဉ်များကို လေလံတင်ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်းသည် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်ပြီး၊ ပြည်တွင်းခရီးစဉ်အဖြစ် မြို့ပေါင်း ၂၅ မြို့သို့ ပျံသန်းလျက်ရှိကြောင်းနှင့် နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။ မြန်မာ့လေကြောင်းသည် အသစ်ဝယ်ယူထားသော တရုတ်နိုင်ငံလုပ် လေယာဉ်တစ်စင်းကို ၂၀၁၀ ဒီဇင်ဘာလက စတင်ပျံသန်းခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။""

 
 

Things you can do from here:

 
 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment