Pages

Monday, February 28, 2011

ဝန်ကြီးများရုံးဟောင်း အပါအဝင် ဝန်ကြီးရုံးအဆောက်အအုံ ငါးခုအား ပုဂ္ဂလိကပေး၍ ရှေ...

 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးဟောင်း အဆောက်အအုံ အပါအဝင် ဝန်ကြီးရုံးအဆောက်အအုံ ငါးခုအား ပုဂ္ဂလိကသို့ ပေးပြီးဖြစ်ကာ ရှေးမူမပျက် ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ကျန်ဝန်ကြီးရုံးလေးခုမှာ ကုန်သည်လမ်းရှိ ယခင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံး၊ ဆူးလေဘုရားလမ်းရှိ ယခင်ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနရုံး၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ယခင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးနှင့် ဗိုလ်ဆွန်ပက်လမ်းရှိ ယခင်စီးပွား/ကူးသန်း ဝန်ကြီးဌာနရုံးတို့ ဖြစ်သည်။ "လက်ရှိအဆောက်အအုံတွေကို ပြန်လည်ပြုပြင်တာက ရှေးမူမပျက် ပြုပြင်မှုတွေ လုပ်ဖို့ပါ။ နောင်လူတွေ သမိုင်းအမွေအနှစ်ဖြစ်တဲ့ လက်ရာတွေ တန်ဖိုးထားတ် ဖို့လည်း ပါပါတယ်"ဟု အထက်ပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် ရန်ကုန်မြို့တော် အတွင်း၌ အစိုးရဌာနပိုင် အဆောက်အအုံပေါင်း နှစ်ရာကျော်မှာ နှစ်ပေါင်းတစ်ရာကျော်သည့် သမိုင်းဝင် အဆောက်အအုံများအဖြစ် သတ်မှတ်ထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ  စာရင်းများအရ သိရသည်။ "ရှေးဟောင်း အဆောက်အအုံ နှစ်ရာကျော်ရှိတယ်။ နှစ်တစ်ရာအထက် အဆောက်အအုံတွေလို့ သတ်မှတ်ထားတယ်"ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်အတွင်း သက်တမ်း နှစ်တစ်ရာကျော် အဆောက်အအုံ အများစုမှာ အစိုးရပိုင် ဌာနဆိုင်ရာရုံးများ၊ အထက်တန်းကျောင်းများ စသည်ဖြင့် တည်ရှိလျက်ရှိနေပြီး၊ အများစုမှာ အင်္ဂလိပ်ခေတ်လက်ရာ ပေါ်လွင်အောင် ဆောက်လုပ်ခဲ့သော အဆောက်အအုံများ ဖြစ်သည်။ ယင်းတို့မှာ ဝန်ကြီးများရုံး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရုံး၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာနရုံး၊ ကမ်းနားလမ်းရှိ တရားရုံးချုပ် (ရန်ကုန်တိုင်းရုံးဟောင်း)၊ အမှတ်(၆) ဗိုလ်တထောင် အထက်တန်းကျောင်း (ယခင်-စိန့်ပေါ)၊ လသာ(၁) အထက်တန်းကျောင်း၊ အမှတ်(၄) ဗိုလ်တထောင် အထက်တန်းကျောင်း၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (ပြန်ကြားရေးရုံး) စသည့် အဆောက်အအုံများ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

 
 

Things you can do from here:

 
 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment