Pages

Monday, February 28, 2011

မြန်မာ့ပထမ ရေပေါ်ဂေါက်ကွင်း ယခုလအတွင်း မြကျွန်းသာတွင် ဖွင့်တော့မည်

 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


မြကျွန်းသာ အပန်းဖြေ ဥယျာဉ်အတွင်းရှိ အင်းလျားကန်ရေပြင်၌ တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ရေပေါ်ဂေါက်ကွင်းအား ယခုလ ၂၀ ရက်နေ့၌ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါရေပေါ်ဂေါက်ကွင်း၏ ရေပြင်ဧရိယာအကျယ်မှာ မီတာ ၃၀၀ ရှိပြီး မြေပြင်ပေါ်၌ အလျား ၂၂၈ ပေ အရှည်ရှိ ဂေါက်ရိုက်နားနေဆောင် နှစ်ဆောင်အပြင် စားသောက်ဆိုင်၊ အားကစားပစ္စည်း အရောင်းဆိုင်၊ အလှပြုပြင်ရေးဆိုင်နှင့် ဂိမ်းစင်တာတို့ပါဝင်ကြောင်း သိရသည်။ ထိုဂေါက်ကွင်း၏ အဆောက်အအုံနှင့် ဒီဇိုင်းပုံစံတို့အား ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဧဒင်ဥယျာဉ်ကုမ္ပဏီရှိ မြန်မာအင်ဂျင်နီယာများက တည်ဆောက်ခဲ့ကြောင်း၊ ၄င်းအပြင် အဆိုပါ ဂေါက်ကွင်းအတွင်း အသုံးပြုမည့် ဂေါက်ရိုက်တံနှင့် ရေပေးဂေါက်သီးများကိုလည်း ဂျပန်နိုင်ငံမှပင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ရေပေါ်ဂေါက်သီး တစ်လုံးလျှင် မြန်မာကျပ်ငွေ ၃ သောင်းခန့် တန်ဖိုးရှိကြောင်း၊ ဂေါက်သီးကောက်ရန်နှင့် ရေပြင်ပေါ်မှ ဂေါက်ရိုက်နိုင်ရန်အတွက် စပိဒ်ဘုတ်တစ်စင်း စီစဉ်ထားကြောင်း ရေပေါ်ဂေါက်ကွင်း တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် ၄င်းကုမ္ပဏီအနေဖြင့် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း ကမ္ဘာအေးဘုရားလမ်းပေါ်၌ နိုင်ငံတကာအဆင့်မီ ရှော့ပင်းမောလ် တစ်ခုကိုပါ ထပ်မံတည်ဆောက်ရန် မြေတိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် Popular news ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

 
 

Things you can do from here:

 
 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment