Pages

Monday, January 31, 2011

မြန်မာနိုင်ငံတွင် ပြည်ပဧည့်အဝင် များလာသဖြင့် လိုင်စင်သစ်လျှောက်သည့် တိုးရ်ကု...

 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 


ယခုတစ်နှစ်ခန့်အတွင်း ရန်ကုန်တွင် တိုးရ်ကုမ္ပဏီ ပြုလုပ်ရန် လိုင်စင်သစ် လျှောက်ထားလာသည့် ကုမ္ပဏီ အခု ၉၀ ခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီး ညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်)မှ သိရသည်။ နိုင်ငံခြားဧည့်သည် အမြောက်အမြား ဝင်ရောက်လာသည်နှင့်အမျှ တိုးရ်ကုမ္ပဏီ လျှောက်လိုသည့် ကုမ္ပဏီများမှာလည်း များပြားလာကြောင်း သိရသည်။ "တိုးရ်ကုမ္ပဏီ အသစ်တွေ အများကြီး လျှောက်ထားကြပေမယ့် ခရီးသွား လုပ်ငန်းအကြောင်း နားလည်တတ်ကျွမ်းတဲ့ ကုမ္ပဏီ အရမ်းနည်းပါးတယ်။ တိုးရ်ကုမ္ပဏီတွေမှာ တိုးရ်အော်ပရေတာနဲ့ အော်ပရေးရှင်းကို နိုင်နင်းမှုရှိတဲ့ အော်ပရေးရှင်း မန်နေဂျာရှိဖို့ လိုအပ်တယ်။ တိုရစ်ဇင် အက်ကျုကေးရှင်းအပိုင်းနဲ့ ပရော်ဖက်ရှင်နယ် တိုးရ်အော်ပရေးရှင်း အပိုင်းတို့မှာ နှံ့စပ်ကျွမ်းကျင်ဖို့ အထူးလိုအပ်တယ်"ဟု ဟိုတယ်ခရီး ညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် တိုးရ်ကုမ္ပဏီ လုပ်ကိုင်နေသော ကုမ္ပဏီပေါင်း ၇၀၀ ကျော်ရှိကြောင်း သိရသည်။ ခရီးသွား ကုမ္ပဏီအသစ် လုပ်လိုသူများအနေဖြင့် ခရီးစဉ် ရေးဆွဲရောင်းချနိုင်သော Tour Operation Manager များ၊ Tour Operatour များကျွမ်းကျင်မှု လိုအပ်ကြောင်း၊ Tourism Education အခြေခံပိုင်း ပြည့်ဝပြီး Professional Tour Operation ပိုင်း ဆက်စပ်လုပ်ကိုင်နိုင်ရန် အဓိက လိုအပ်ကြောင်း၊ မိမိကုမ္ပဏီ ဝန်ထမ်းများကို အရည်အချင်း မြင့်မားလာစေရေး HR Development ရရှိအောင် သင်တန်းများ၊ လေ့လာဆွေးနွေးမှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

 
 

Things you can do from here:

 
 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

No comments:

Post a Comment