Pages

Tuesday, November 30, 2010

Re: Current info about Mruak Oo

In short, could we do something like a petition and submit it to someone with a sense of value for history i.e from the authority, be it Myanmar or any other national brethren?

I know some of you guys are already doing it. What else could we do? let's us brainstorm!

It is something irreplaceable.

I am sorry I can only say this by way of making it heard. I wish I could do better.

2010/11/30 Tour Manager ( Ayarwaddy Legend Travels & Tours) <sitha2010@gmail.com>
Hi friends!
That's a good news for us.
With happy,
Sitha

2010/11/30 Thomas Latt <thomasjrlatt@gmail.com>

မြောက်ဦး စေတီများကို မထိခိုက်စေရန် ရထားလမ်း လွှဲပြောင်း ဖောက်လုပ်မည်

ဧရာဝတီ Monday, 29 November 2010 15:02 သတင်းတိုများ
စစ်တွေ - အမ်း ရထားလမ်းကို မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖြစ်သည့် ကိုးသောင်း ဘုရားပုထိုးများနှင့် ကိုက် ၅၀၀ ၀န်းကျင်မှ ဖြတ်ကာ ဖောက်လုပ်မည့် လမ်းအူကြောင်း အစား တခြား လမ်းအူကြောင်းတခုမှ လွှဲပြောင်း ဖောက်လုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ညွှန်ကြား လိုက်ကြောင်း၊ ထို့အပြင် ပြိုပျက်နေသည့် သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးမည်ဟု ကတိပြုထားကြောင်း မြောက်ဦး ဒေသခံတဦးက ပြောသည်။

2010/11/27 hpoun kyaw <pk.niniaung@gmail.com>

Hi, Friends,
      Construction of the railway line should not mean Destruction of the priceless archaeological site and that should be strongly protested without any delay and hesitation.
Anonymous

2010/11/24 Thomas Latt <thomasjrlatt@gmail.com>

မြောက်ဦးရထားလမ်း ရှေးဟောင်းနှင့် ကုမ္ပဏီ သဘောတူညီမှုမရနိုင်

သိန်းဇော် | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ ( မဇ္ဈိမ) ။ ။ မြောက်ဦးမြို့ဟောင်း မပျက်စီးအောင် ရှောင်တိမ်းနိုင်မည့် ရထားလမ်းကြောင်းသစ် ရှာရေး ရှေးဟောင်းသုတေသနနှင့် ရထားလမ်းဖောက် ကုမ္ပဏီတို့ သဘောတူညီမှု မရသေးဟု သုတေသနဌာနနှင့် ဒေသခံ သုတေသီများက ပြောသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် မနေ့က ကွင်းဆင်းစစ်ဆေးပြီး ရထားလမ်း အူကြောင်းသစ်ရှာရန် တင်ပြခဲ့ရာ မြန်မာ့မီးရထားမှ ကန်ထရိုက်ယူ ဖောက်လုပ်နေသော Steel Stone ကုမ္ပဏီက သဘောမတူဘဲ ပယ်ချခဲ့သည်ဟု အမည်မဖော်လိုသူ ရှေးဟောင်းသုတေသန အရာရှိတဦးက ပြောသည်။

" တင်ပြတဲ့ လမ်းဟာ ငွေကြေးအကုန်ကျများမယ့်လမ်းလို့ ရထားလမ်း ဖောက်လုပ်ရေးအရာရှိတွေက ချေပတယ်" ဟု သူက ဆိုသည်။

ကုမ္ပဏီဘက်က ရထားလမ်းဆက်ဖောက်ရန် ဆုံးဖြတ်ထားပြီး ရှေးဟောင်းအမွေအနှစ်များ အထိအခိုက်နည်းအောင် လုပ်မည် ပြောသွားသည် ဆိုသည်။

မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း မြောက်ဦးမြို့ဟောင်းကို ဖြတ်၍ ဖောက်လုပ်ခဲ့ရာ မြို့ဟောင်း အစိတ်အပိုင်းများနှင့် ဘုရားပုထိုးအချို့ ပျက်စီးသဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အပါအဝင် ဒေသခံများက ကန့်ကွက်၍ နိုဝင်ဘာ ၁၈ ရက်က စီမံကိန်း ခေတ္တရပ်နားခဲ့သည်။

ကျောက်တော်-မြောက်ဦး လမ်းပိုင်းကို ယခုလ ၇ရက် က စဖောက်ခဲ့ရာ သဇင်တံတံတိုင်း၊ မင်္ဂလာမာန်အောင် တံတိုင်း၊ ခြင်ကိုက်တံတိုင်း၊ ကသဲအိုင်ကျုံး၊ စသည့် တံတိုင်း ၁ဝ ခုနှင့် ဘုရားသုံးဆူ ပျက်စီးသွားနိုင်သည်ဟု ဒေသခံ သုတေသီတဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ဝဝ၉ မေလ မှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင် -ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်း ပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်ဟု မြန်မာ့မီးရထား တာဝန်ခံတဦးကပြောသည်။

ဒေသခံ သုတေသီများတင်ပြသော မြောက်ဦးရထားလမ်းဖောက်လုပ်ရေးတွင် ပျက်စီးနိုင်သည့် ရှေးဟောင်းအမွေနှစ်များ

သဇင်တံ တံတိုင်း(မြေသား)( ပျက်စီး)
ခြင်ကိုက်တံတိုင်း(မြေသား)(ပျက်စီး)
မင်္ဂလာမာန်အောင်တံတိုင်း(ကျောက်တံတိုင်း) (ပျက်စီး)
ကသဲအိုင်ကျုံး(ပျက်စီး)
ရွှေဇင်းခင် လမ်းမကြီး( ပျက်စီး)
နတ်တုံတံတိုင်း (ကျောက်တံတိုင်း)
(လမ်းအူကြောင်း တွင်ပါဝင်)
ရွာဟောင်း တောတံတိုင်းနှစ်ထပ်
(လမ်းအူကြောင်းတွင်ပါဝင်)
မင်းတရားပြင်တံတိုင်း(၃) ခ
ု( လမ်းအူကြောင်း တွင်ပါဝင်)
မင်းသမီးရေတံခါး
(လမ်းအူကြောင်းတွင်ပါဝင်)
၁၀
ကိုးသောင်းပုထိုးတော်ကြီး
(လမ်းအူကြောင်းတွင်ပါဝင်)

ပျက်စီးသွားသည့် ဘုရားပုထိုးများ

ပြည်စိုးကြီးဘုရား
သဇင်တံ မှဘုရားနှစ်ဆူ

2010/11/19 Thomas Latt <thomasjrlatt@gmail.com>

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်

သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထားလမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုသည်။

၁ဝ နှစ်ကျော်ကြာ ဖောက်လုပ်နေဆဲဖြစ်သော ၁၅၇ မိုင်ရှည် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း စီမံကိန်းတွင် အစိတ်အပိုင်းတခုဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စတင်ဖောက်လုပ်ရာ လမ်းတလျှောက် ရှေးဟောင်းစေတီပုထိုး ရုပ်လုံးရုပ်ကြွများ ပျက်စီးလိမ့်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်အဆိုအရ ရထားလမ်းစီမံကိန်းမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ မြောက်ဦးမှသည် အမ်းဘက်ကို ဖောက်လုပ်ရန် ကျန်ရှိနေသည်။

"ဘုရားပုထိုး ကျုံးမြို့ရိုးတံတိုင်း စတာတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံး ပျက်စီးသွားမှာ'' ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဌာနခွဲတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။

လမ်းဖောက်လုပ်စ လက်ရှိအချိန်တွင် ရခိုင်သမိုင်းအတွက် တန်ဖိုးရှိသည့် မြို့ရိုးတံတိုင်း၊ ခံတပ် အပါအဝင် သမိုင်းဝင် ရှေးဟောင်းရုပ်ကြွများ စေတီပုထိုးများ ပျက်စီးကာ၊ အထွဋ်အမြတ် ကိုးသောင်း ပုထိုးတော်ကြီး ပျက်စီးနိုင်သည်ဟု သူက ဆိုသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ''သာသနိက အဆောက်အဦးတွေကို ကွေြ့ပီး သွားရမှာ။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ။ ရထားလမ်း ဖောက်ခြင်းဖြင့် တဖက်က သာသနိက အဆောက်အဦးတွေ မပျက်စီးရအောင်၊ ရထားနဲ့သွားတဲ့ ခရီးသည်တွေ ဖူးမျှော်နိုင်အောင် လမ်းတွေကို ရွေးချယ်ဖို့ လိုတယ်။ အချက်အလက်တွေ စုဆောင်းပြီးတော့ ဥပဒေဘောင်အတွင်းက အများသိအောင် လုပ်မယ်'' ဟု မဇ္ဈိမကို ပြောသည်။

ယခုလ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ခံ ဗိုလ်မှူးချစ်ဦးက ရထားလမ်း ဖောက်သူများကို တားမြစ်ခဲ့သလို၊ စစ်တွေခရိုင် ရှေးဟောင်းသုတေသနဌာနသို့ပါ ရပ်တန့်ပေးရန် စာတင်သဖြင့် နောက်ရက်တွင် စစ်တွေမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင် လာရောက်ဆွေးနွေးခဲ့သည်။ သို့သော် ယမန်နေ့တွင်မူ ဆက်လက်၍ ဖောက်လုပ်လာပြန်သည်။

ရခိုင်ပြည်နယ် နေရာအနှံ့ ရှေးဟောင်းအမွေအနှစ်များ ရှိသော်လည်း မြောက်ဦးမြို့တော်သည် ရခိုင်ဘုရင် အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရာ မြို့လည်း ဖြစ်သည်။  အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်ကြောင်း ရမ်းဗြဲ တောင်ကျောင်းဆရာတော် ပြုစုရေးသားခဲ့သည့် ရခိုင်ရာဇဝင် သိုက်ကျမ်းများတွင် ဆိုထားသည်။ မြို့တော်ဟောင်းနေရာ အကျယ်အဝန်းမှာ ၁ဝ မိုင်ဝန်းကျင် ရှိသည်။

ရခိုင်ပြည်နယ်ရှိ ပြတိုက်များတွင် ရှေးဟောင်း အမွေအနှစ်များ တစထက်တစ နည်းပါးလာသလို၊ လက်ရှိ ရှေးဟောင်း သုတေသန ဌာနကလည်း စနစ်တကျ မပြုပြင်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ပျောက်ရှမှုများ ရှိနေသည်ဟု ကန့်ကွက်သူများက ဆိုကြသည်။

ဦးကျော်ထွန်းအောင်က ''အရင်ကဆိုရင် လမ်းတွေဘာတွေ ဖောက်လုပ်တဲ့အခါမှာ ရှေးဟောင်း အဆောက်အဦးတွေ တွေ့ခဲ့ရင် ချက်ချင်းရပ်ပြီး၊ အဲဒီရှေးဟောင်းပစ္စည်းတွေကို အရင်မူလအတိုင်း ပြုပြင်ခဲ့တာတွေ ရှိတယ်။ အဲဒီနေရာမှာလည်း လမ်းဆက်မဖောက်တော့ဘူး။ အခုလမ်းဖောက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေ တွေ့ရင်လည်း မရပ်မနားဘဲ ဆက်ဖောက်ဆိုတဲ့ဟာက တော်တော့ကို အရုပ်ဆိုးပါတယ်'' ဟု ပြောသည်။

၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ခြင်း ဖြစ်သည်။

2010/11/19 Thomas Latt <thomasjrlatt@gmail.com>

ရထားလမ်း ဖောက်၍ မြောက်ဦး ရှေးဟောင်း နယ်မြေ ပျက်စီး

ခင်ဦးသာ Thursday, 18 November 2010 20:19
E-mail Print
Share/Save/Bookmark ရခိုင်ပြည်နယ်အတွင်း စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း ဖောက်လုပ် နေမှုကြောင့် မြောက်ဦးမြို့မှ ရှေးဟောင်း စေတီ ဘုရားပုထိုးများစွာ ပျက်စီးသွားကြောင်း သိရသည်။

"ဘုရားတွေကို ဖြိုဖျက်နေတဲ့ ကိစ္စတွေကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် မရပ်ပေးတဲ့အပြင် ရထားလမ်းဘေးတွေက ထိခိုက်ပျက်စီးသွားရတဲ့ ဘုရားတွေကို လူမြင်ကွင်းက လုံးဝပျောက်သွားအောင် အပျောက်ဖျောက်ပစ်နေပါတယ်၊ ဘုရားစေတီ တချို့ကို မြေကြီးတွေနဲ့ ဖုံးပစ်လိုက်ပါတယ်"ဟု မြောက်ဦး ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ယင်း ရထားလမ်း ဖောက်လုပ်မှု ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။

ရထားလမ်းဖောက်လုပ်မှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ တံတိုင်း၊ ခံတပ်၊ ပိဋကတ်တိုက်၊ ကျုံး၊ မြို့ရိုး စသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးသွားရသည့် အပြင် ဖောက်လုပ်မှု လုပ်ငန်းခွင်ကြောင့် အနီးပတ်ဝန်းကျင်မှ ထိခိုက်ပျက်စီး သွားရသည့် စေတီ ပုထိုးများကိုလည်း ဖျောက်ဖျက်ပစ်နေကြောင်း သိရသည်။

"အဓိက ကတော့အပျက်အစီးတွေကို မှတ်တမ်းတင်တာ၊ ဓာတ်ပုံရိုက်ယူတာတွေ ဖြစ်လာမှာ စိုးရိမ်ပုံရတယ်၊ လူတွေကို မမြင်စေချင်တာလည်း ပါမှာပေါ့၊ ဒီကိစ္စက ထူးခြားနေတာ တွေ့ရတယ်"ဟု ကိုယ်တိုင်ကွင်းဆင်း စောင့်ကြည့်နေသည့် ဒေသခံ တဦး က ရှင်းပြသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ဖျက်ဆီး၍ ရထားလမ်း ဖောက်လုပ်မှုကို ရပ်တန့်ပေးရန်အတွက် ဒေသခံ ပြည် သူ များ၊ မြို့မိမြို့ဘများ၊ ဆရာတော် သံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင်များထံ မေတ္တာရပ်ခံ တောင်းဆိုသော်လည်း ရပ်တန့်ပေးရန် အကြောင်းမရှိဟု ပြောဆိုကာ ဆက်လက်လုပ်ဆောင် နေကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အထက်ပါ ပုဂ္ဂိုလ်များအပြင် နိုင်ငံတော် သံဃ၀န်ဆောင် ဆရာတော်ကြီးများကပါ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုဝန်ကြီးထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး မိတ္တူအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ပြည်နယ်၊ တိုင်းအဆင့်ရှိ အာဏာ ပိုင် များထံ ပေးပို့ခဲ့ကြောင်း ဒေသခံ ဆရာတော်တပါးက မိန့်ကြားသည်။

"ရှေးဟောင်းပစ္စည်းတွေကို ဖျက်ဆီးရာ ရောက်တဲ့အပြင် ဘာသာ၊ သာသနာကို ဖျက်ဆီးရာလဲ ရောက်ပါတယ်၊ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး ဘုရားစေတီ တွေကို ဖျက်ဆီးတာဟာ ရှက်စရာလည်း ကောင်းပါတယ်"ဟုလည်း ဒေသခံ ဆရာတော်က မိန့် သည်။

ရထားလမ်းကြောင့် ပျက်စီးသွားခဲ့သည့် ရှေးဟောင်း သဘင်သည်မြို့ရိုး၊ သဇင်တံ တောင်တန်း ပေါ်ရှိ စေတီပုထိုးများ၊ ငကျေး အိုင် ကျုံး၊ မြောက်ဦးခေတ် အသုံးပြုခဲ့သည့် မင်းသမီး ရေတံခါး၊ မင်္ဂလာ မာန်အောင် တံတိုင်း၊ ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှ ကျူံး၊ ရဲလှ ခံတပ်၊ ရဲလှ တံခါး၊ ရှင်ဂိုက် တံတိုင်း ခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား စသည်တို့အား မြေတူး စက်ကြီးများဖြင့် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ရှေ့ဟောင်း သုတေသန ဌာန အငြိမ်းစား ၀န်ထမ်းတဦး က ပြောသည်။

မြောက်ဦးမြို့၏ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အနက် အထင်ရှားဆုံး ဘုရားတခုဖြစ်သော ကိုးသောင်း ဘုရားမှာလည်း မီးရထားလမ်းကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်လာမည်ကို ဒေသခံများမှာ အထူးစိုးရိမ်နေကြကြောင်း သိရသည်။ ကိုးသောင်းဘုရားနှင့် ရှစ်သောင်း ဘုရားမှာ"အဖေရှစ်သောင်း၊ သားကိုးသောင်း"ဟု ထင်ရှား သောဘုရားများ ဖြစ်သည်။

မြောက်ဦးမြို့နှင့် ပုဂံမြို့တို့သည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသများဖြစ်ပြီး မျိုးဆက်သစ် လူငယ်များ၊ ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်ဝင်စားမှု ရှိသော ယဉ်ကျေးမှု နယ်မြေများ ဖြစ်သည်။

သမိုင်းပညာရှင် ပါမောက္ခဒေါက်တာ အေးကျော် ကလည်း "အခုလုပ်ရပ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရှေးဟောင်းသုတေသန ဥပဒေကိုချိုးဖောက်တဲ့ လုပ်ရပ်ပါ၊ ရှေးဟောင်းအမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့လည်း မရသလို နောင်လာ နောက်သား တွေအတွက် အလွန်အရေးကြီးတယ်၊ အစားထိုးလို့ ရတဲ့အရာ မဟုတ်လို့ ရပ်တန့်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်"ဟု ပြောသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (UNESCO) မှချမှတ်ထားသော ရှေးဟောင်း သုတေသန အက် ဥပဒေတွင် ရှေးဟောင်း ပစ္စည်းများအား ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြန်လည် တည်ဆောက်ခြင်း မလုပ်ရဟု သတ်မှတ်ထား၍ မြန်မာစစ်အစိုးရ၏ လုပ်ရပ်သည် ဥပဒေမဲ့ရာ ရောက်သည်ဟု ဒေါက်တာအေးကျော်က ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ရှေးဟောင်းစေတီပုထိုးများအား ဖျက်ဆီးမှုများကို ရပ်တန့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်လည်း ပုဂံ၏ ဘုရားတချို့၊ ပြည်မြို့မှ သရေခေတ္တရာ မြို့ဟောင်း တို့ကို စစ်အစိုးရ အာဏာပိုင်များက ပြုပြင် ဖျက်ဆီးရန် လုပ်ဆောင်ရာ ကန့်ကွက်မှုများကြောင့် ရပ်တန့်ပေးခဲ့ရကြောင်း သိရသည်။

"မြောက်ဦးက ရှေးဟောင်းအမွေတွေကို ဖျက်ဆီးလိုက်တာဟာ ရခိုင်လူမျိုးတွေ အတွက်သာမက မြန်မာနိုင်ငံသားတွေ အတွက်လည်း မကောင်းဘူး"ဟု ဒေါက်တာ အေးကျော် က ပြောသည်။

ယခု စစ်အစိုးရ ဖောက်လုပ်နေသည့် ရထားလမ်းသည် စစ်တွေ-အမ်း-မင်းဘူး ဆက်သွယ်မည့် ရထားလမ်းပိုင်း တခုဖြစ်ပြီး တနိုင်ငံလုံး ချိတ်ဆက်မည့် အမျိုးသား ကွန်ယက် ရထားလမ်း၏ တစိတ်တပိုင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ မီးရထားလမ်းဖောက်လုပ်မှုကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ဖောက်လုပ်ခဲ့သည့် ရထားလမ်းများမှာလည်း ခိုင်ခံ့မှု မရှိ၍ မကြာခဏ ပျက်စီး၍ ပြုပြင်မှုများပြုလုပ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဂျပန်နိုင်ငံ ခန်းဒတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း ကလည်း လူ့ယဉ်ကျေးမှု လူ့သမိုင်းနှင့်ပတ်သက်သည့် အထောက်အထားများ၊ အမွေအနှစ်များအား တတ်နိုင်သမျှ ကာကွယ်စောင့်ထိန်းရမည့် မူ ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်း သုတေသန အက်ဥပဒေ သီးသန့်ပြဌာန်းထားကြောင်း၊ ရှေးဟောင်းနှင့် ပတ်သက်ပါက မတူးမဆွရ၊ ဘေးပတ်ဝန်းကျင်တောင် မထိခိုက်ရဟု ပါရှိ၍ ကြီးလေးသော ဥပဒေ ဖြစ်နေခြင်းကြောင့် ယခု လုပ်ရပ်သည် ကြီးမားသောဥပဒေ ချိုးဖောက်မှု တခုဟု ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးရှိ စေတီပုထိုးများအား အေဒီ (၁၄၀၄) ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က တည်ခဲ့ပြီး ဝေသာလီခေတ်၊ မြောက်ဦးခေတ် တို့၌လည်း ထင်ရှားခဲ့သော ယဉ်ကျေးမှု နယ်မြေဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း စစ်အစိုးရ အာဏာပိုင်များသည် မြောက်ဦးမြို့၌ ရခိုင်ဘုရင် နန်းစိုက်ခဲ့ရာ နန်းတော်ရာ အား ဖျက်ဆီး၍ ကြက်ဆူစိုက်ခင်းများကို အဓမ္မ စိုက်ပျိုးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသန ဦးစီးဌာန ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ရထား လမ်းအား လမ်းကြောင်းပြောင်းရန် စီစဉ်နေကြောင်း၊ ပျက်စီးသည့် ဘုရားစေတီ အရေအတွက်ကိုမှု အတိအကျမသိ သေးကြောင်း ဒုတိယ ညွန်ကြားရေးမှူး ဦးမြင့်သိန်း က ပြန်လည် ပြောဆိုသည်။

2010/11/19 Nyi Nyi ® <nyinyi@gmail.com>

That's too bad. I think the Railway minister Aung Min can be flexible about this.

On Wed, Nov 17, 2010 at 9:16 PM, Thomas Latt <thomasjrlatt@gmail.com> wrote:
12872-2apm copy.gif

On Thu, Nov 18, 2010 at 12:23 PM, Thomas Latt <thomasjrlatt@gmail.com> wrote:
Please try to protect our heritages. 

On Thu, Nov 18, 2010 at 12:15 PM, Win Mar Thein <winmarthein@gmail.com> wrote:
Dear all,

I feel so sorry after reading it and want to share for those who work in the travel field. 

Please find attached info FYI.

Best regards,
Win Mar

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travelmyanmar@googlegroups.com.
To unsubscribe from this group, send email to travelmyanmar+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

Nyi Nyi

No comments:

Post a Comment